Home

HD Movies များကို အကောင်းဆုံး HD Quality ဖြင့် ကြည့်ရှုနိုင်မည့် Splash Lite

                                        HD Camcorder များဖြင့်ရိုက်ထားသော MPEG-2 နှင့် AVC/H.264 Video Clips များ၊ HD Movies များကို အလျှင်မြန်ဆုံး၊ အကောင်းဆုံး အရည်အသွေးဖြင့် Playback ကြည့်ရှုနိုင်သည့် Splash Lite Free Movie Player ပါ။ (ပုံများပေါ်တွင် Click နှိပ်၍ မူရင်းပုံများကို ကြည့်နိုင်ပါသည်။) အခြား Movie Player များကဲ့သို့ HD Quality ကို အဆင်ပြေစွာကြည့်ရှုနိုင်ရန် Additional Codec ထပ်ထည့်ပေးစရာမလိုပါဘူး။ 16:9 , 4:3 , 16:10 Screen Ratio များကိုအဆင်ပြေသလို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။ P² လို့ခေါ်တဲ့ Motion Technology ပါဝင်သည့်အတွက် Playback ပြန်လည်ကြည့်ရှုသည့် အခါတွင် လျှင်မြန်ညက်ညောစွာ ကြည့်ရှုနိုင်ပါတယ်။

                                      Audio Output အနေနဲ့ Free Version မှာ Stereo နှင့် 5.1 Channel Out Put များကို အသုံးပြုနိုင်ပါတယ်။ Video Output အနေနဲ့ Best Quality (1080i to 1080p Conversion) နှင့် Normal Quality များကိုရွေးချယ်နိုင်ပါတယ်။ Built in Battery Eco Mode ပါဝင်သည့်အတွက် Battery Power ကို Auto ထိမ်းချုပ်ပေးပါတယ်။ HD Video သီးသန့်ဖြစ်သည့်အတွက် MPEG-2 နှင့် AVC/H.264 Video များမှ လွဲ၍ အခြား Format များကို ကြည့်ရှုနိုင်မှာမဟုတ်ပါဘူး။ 8.9 MB ရှိပြီး၊ Window XP (SP3) , Vista နှင့်7 များမှာ အသုံးပြုနိုင်ပါတယ်။ System Requirement များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

0 comments: