Home

JPEG Format Picture များကို လျှင်မြန်စွာ ကြည့်ရှုနိုင်မည့် FastPictureViewer Free Version

                                                 JPEG Format Picture များကို အခြား Image Viewer များထက်ပိုမိုလျှင်မြန်စွာ ကြည့်ရှု နိုင်မည့် Free FastPictureViewer Professional Free Version ပါ။ အခြား Image Viewer များကဲ့သို့ ပုံတစ်ပုံနှင့် တစ်ပုံ အကူးအပြောင်းတွင် Loading လုပ်နေခြင်းမရှိပဲ၊ ချက်ချင်း လျှင်မြန်စွာကြည့်ရှုနိုင်သည့်အတွက် မိမိ၏ Digital Camera ဖြင့်ရိုက်လာသော ပုံများကို Folder အလိုက်  ပြန်လည်ကြည့်ရှုသည့်အခါတွင် အသုံးပြုရန် သင့်တော်ပါတယ်။ ထို့အပြင် ပုံများကို ကြည့်ရှုနေစဉ်အတွင်း Copy နှင့် Rename function များကို One Click Access ဖြင့် အသုံးပြုနိုင်ပါသေးတယ်။

                                                 Full Screen ကြည့်ရှုနိုင်ပြီး၊ ပုံတစ်ပုံ၏ R,G,B Color အချိုး၊ Pixel , Screen Size စသည့် Information များကိုပါ ဖေါ်ပြပေးပါတယ်။ Mouse Wheel ကိုအသုံးပြု၍ ပုံတစ်ပုံနှင့် တစ်ပုံ လျှင်မြန်စွာကူးပြောင်းနိုင်ပြီး၊ Mouse Wheel ၏အမြန်နှုံးနှင့် အခြား Function များကို Option Menu မှာ သတ်မှတ်ပေးထားနိုင်ပါတယ်။ Window Vista (aero) Skin Design ဖြစ်ပြီး၊ Mouse Click များကိုအသုံးပြု၍ Zoom ဆွဲနိုင်ပါတယ်။ 8.6 MB ရှိပြီး၊ Window 9x, ME, 2000, NT ,XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။ 32 bits နှင့် 64 bits ကိုခွဲခြား၍ download လုပ်နိုင်ပါတယ်။


2 comments:

  1. Anonymous20/5/10

ုregistration key လေး ထည့်ပေးဦးဗျို့

    ReplyDelete
  2. @Anonymous
    ဒီ Free Version မှာ Registration Key ထည့်ဖို့မလိုပါဘူးခမျ.... ပထမဆုံးအကြိမ်စဖွင့်တဲ့အချိန်မှာ အသုံးပြုမယ့် ကွန်ပျူတာနဲ့တွဲပေးထားလိုက်ရင် ရပါပြီ၊ Pro Full Version ကို အဆင်ပြေရင် ထပ်တင်ပေးပါ့မယ်ခမျာ... ကျေးဇူးပါ။ :)

    ReplyDelete