Home

Gtalk မှာ Auto Reply ပြန်လည်ပြုလုပ်ပေးမည့် Gtalkautoreply

                                              Gtalk မှာ သူငယ်ချင်းတစ်ယောက်ယောက်က Chat လာတဲ့ အခါ၊ အကြောင်းအမျိုးမျိုးကြောင့် Reply မလုပ်နိုင်တဲ့အခါမျိုးမှာ ဒီ Software ကို Run ပေးခဲ့ရုံဖြင့် တစ်ဖက်မှသူငယ်ချင်း Account ထံသို့ Auto Reply ပြန်ပို့ပေးနိုင်ပါတယ်။ ထိုသို့ Reply လုပ်လိုက်ခြင်းအားဖြင့် တစ်ဖက်လူမှ သင်ဘာလုပ်နေသည်ကို သိရှိစေနိုင်ပြီး၊ Gtalk ကိုဖွင့်ပြီး၊ အိပ်ပျော်နေသည်ဟုလည်း ထင်စရာအကြောင်းမရှိတော့ပါဘူး။

                                                Download လုပ်ပြီးလျှင် Install လုပ်၍ ပုံတွင်ပြထားသည့်အတိုင်း သင်တွဲဖက်အသုံးပြုမည့် ( Auto Reply ပြုလုပ်စေမည့် ) Gtalk Account User Name နှင့် Password တို့ကို အရင်ဆုံးရိုက်ထည့်ရပါမယ်။ Message: ကွက်လပ်ရဲ့ အောက်မှာ သင် Reply လုပ်လိုသည့် စာများ၊ Link များ ကို ရေးသားထားရပါမယ်။ ထို့နောက် Save and Enable Auto Reply ကိုနှိပ်ပေးလိုက်လျှင် Logging in , Please wait.. ဟူ၍ ပေါ်လာပါလိမ့်မယ်။ သင်ထည့်သွင်းသည့် User name နှင့် Password မှန်ကန်ပါက၊ Logged in and Active ဟူ၍ ပေါ်လာပြီးနောက် အသုံးပြုရန်အဆင်သင့် ဖြစ်သွားပါပြီ။ သူငယ်ချင်းတစ်ယောက်ယောက်က Chat တာနဲ့ အချိန်အနည်းငယ်အတွင်းမှာ သင်ရေးသားထားသော စာများနှင့် Auto Reply ပြုလုပ်ပေးပါလိမ့်မယ်။ Start automatically with window function ကိုလည်းအသုံးပြုနိုင်ပါတယ်။ 1.2 MB သာရှိပြီး၊ Window အားလုံးမှာ အသုံးပြုနိုင်ပါတယ်။  

0 comments: