Home

ကိုယ်ပိုင်ရုပ်ပုံများကို Funny ပုံများအဖြစ် လွယ်ကူစွာ ဖန်တီးပေးမည့် SeeNow

                                          နှစ်သက်ရာ ပုံများကို Upload လုပ်၍ Funny ပုံများ၊ နာမည်ကြီး ရုပ်ရှင်ဇာတ်ဇာတ်ဝင်ခန်းပုံများ၊ Magazine Cover ပုံများ နှင့် အခြားပုံများကို လွယ်ကူစွာ ပြောင်းလဲပေးနိုင်တဲ့ Site တစ်ခုကိုဖေါ်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းများနှင့် Share ပြုလုပ်လိုသူများနှင့် Facebook အသုံးပြုသူများအတွက် ပိုမိုသင့်တော်ပါတယ်။

                                         အသုံးပြုပုံမှာ New, Movies, Music, Sport, Halloween, Others, Magazines စသည်ဖြင့် Category အလိုက် နှစ်သက်ရာ Ready Made ပုံကို အရင်ဆုံးရွေးရပါမယ်။ ပြီးလျှင်တင်လိုသည့် ပုံကို မိမိ၏ ကွန်ပျူတာ Hardisk မှသော်လည်းကောင်း ၊ Flickr, Picasa စသော Online Photo Service များမှ URL လိပ်စာများကို ထည့်သွင်း၍ သော်လည်းကောင်း Upload လုပ်ပေးရပါမယ်။ Upload လုပ်လိုက်သည့် ပုံ၏ မျက်နှာအနေအထားကို Automatic ချိန်ညှိုပေးပြီး၊ မိမိစိတ်ကြိုက်ထပ်မံ Adjust ပြုလုပ်လိုပါက မျက်နှာပေါ်တွင် Mouse Cursor ကိုတင်၍ Drag ဆွဲ၍လည်းကောင်း၊ ပုံပေါ်ရှိ Zoom Arrow ကို ချိန်ညှိုပေး၍သော်လည်းကောင်း ညှိုယူနိုင်ပါတယ်။
                                             ပြီးလျှင် အထက်ပါပုံတွင် ပြထားသည့်အတိုင်း လက်ရှိ Upload တင်ထားသည့် ပုံဖြင့် အခြားရုပ်ပုံများတွင် အစားထိုးကြည့်လိုပါက Have more fun with this photo! ကိုနှိပ်ပေးပြီး၊ လက်ရှိပုံကို Save လုပ်လိုပါက Finish & Share button ကို နှိပ်ပေးရပါမယ်။ ရရှိလာသောပုံပေါ်တွင် Right click နှိပ်၍ Save Image As ကို Click ခါ မိမိ၏ Hard drive သို့သိမ်းဆည်းနိုင်သည့်အပြင် Website နှင့် Blog များတွင် အဆင်သင့် ထည့်သွင်းနိုင်ရန် Embed Code ကိုပါရယူနိုင်ပါတယ်။

0 comments: