Home

သင်၏ Facebook Account ကို အခြား Device များမှအသုံးပြုပါက Notification Email ပို့စေလိုလျှင်

                                    Facebook Account တစ်ခုကို သုံးနေကျ ကွန်ပျူတာ (device) မှလွဲပြီး၊ အခြားနေရာ၊ အခြား Device (ဥပမာ- mobile, အခြား PC) များမှ အသုံးပြုလျှင် မူရင်း Account ပိုင်ရှင်ထံသို့ Notification Email ပို့ပေးနိုင်ရန် ပြုလုပ်ထားနိုင်ပါတယ်။ ပထမဆုံး Facebook Account တွင် Login လုပ်ပါ။ ထို့နောက် Facebook Window ၏ညာဘက်၊ အပေါ်ဆုံးထောင့်ရှိ Account Menu မှ Down arrow ကိုနှိပ်၍ Account Settings သို့သွားပါ။ ပြီးလျှင် Settings sub menu ၏အောက်ရှိ Account Security ကိုသွား၍ Change ကိုနှိပ်ပါ။  "Would you like to receive notifications for logins from new devices? " ဟူသောနေရာတွင် Yes ကိုရွေး၍ Submit button ကိုနှိပ်ပါ။
                                   အထက်ပါအဆင့်များပြီးလျှင် သင်၏ Facebook Account ကို Logout လုပ်ပြီး Login ပြန်လုပ်ပါ။ အောက်တွင်ပြထားသကဲ့သို့ သင်လက်ရှိအသုံးပြုနေသည့် ကွန်ပျူတာကို သင်၏ Account နှင့် တွဲပြီး Register ပြုလုပ်ခိုင်းသည့် Window ကျလာပါလိမ့်မည်။ သင်မှတ်မိနိုင်သည့် (သို့မဟုတ်) သင့်ကွန်ပျူတာ၏ လက်ရှိ အမည်ကို ရိုက်ထည့်ပါ။ ပြီးလျှင် "dont ask me again from this computer" တွင် tick လုပ်၍ Save ကိုနှိပ်ပါ။
                                  အချိန်အနည်းငယ်စောင့်၍ Facebook တွင်အသုံးပြုထားသော Email Inbox ကိုဖွင့်ကြည့်ပါ။ သင့်ကွန်ပျူတာနှင့် သင်၏ Facebook Account တွဲ၍ Add လိုက်ခြင်းကို အကြောင်းကြားသည့် Email ဝင်လာပြီးသည့်နောက် သင်၏ Facebook Account ကိုအခြား Device များမှ အသုံးပြုလျှင် Notify စတင်ပြုလုပ်ပါလိမ့်မည်။
မှတ်ချက်။    ။ ဤ Setting သည် Internet Cookies Function ကိုအသုံးပြုထားခြင်းဖြစ်သောကြောင့် သင်၏ Browser Cookies ကို Clear ပြုလုပ်လိုက်ပါက နောက်တစ်ကြိမ် သင်အသုံးပြုသည့် Device ကို Register ပြန်လည်ပြုလုပ်ပေးရပါမည်။ လက်ရှိ Register ပြုလုပ်ထားသော Device ကို Remove ပြန်လည်ပြုလုပ်လိုပါက Accounts >> Account Settings >> Settings >> Account Security သို့သွားခါ Remove ပြုလုပ်နိုင်ပါတယ်။

0 comments: