Home

ကိုယ်ပိုင် Photo များနှင့် 3D/Animation ScreenSaver, Wallpaper များပြုလုပ်နိုင်မည့် PhotoJoy

                                               ကိုယ်ပိုင် Photo များကို 3D/Animated ScreenSaver, Wallpaper, Photo Album စသည်တို့ကို လွယ်ကူစွာ ဖန်တီး၊ အသုံးပြုနိုင်မည့် Software ပါ။ Memory ပမာဏသေးငယ်ပြီး၊ အသုံးပြုရလွယ်ကူပါတယ်။ Animation Design များ၊ 3D ScreenSaver Design များ နှင့် အခြား Photo Layout များကို Collages, Photo Toys, ScreenSaver, Photo Library စသည်ဖြင့် Category အလိုက်  Free download လုပ်၍ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ကိုယ်ပိုင် local disk မှ Photo များကို ထည့်သွင်းအသုံးပြုနိုင်သလို၊ Flickr ကဲ့သို့သော Online Photo Service များမှ Photo များကိုလည်း တိုက်ရိုက် Streaming ပြုလုပ်ခါ၊ အသုံးပြုနိုင်ပါတယ်။       


                                              အသုံးပြုပုံမှာ Install လုပ်ပြီးလျှင် Desktop မှာ တင်လိုသည့် Photo များကို ရွေးချယ်ပေးရပါမယ်။ ပြီးလျှင် 3D Layout Menu များမှ နှစ်သက်ရာ Layout Design များကို download လုပ်၍ ScreenSaver, Wallpaper တင်ပေးလိုက်ရုံပါပဲ။ Set Up မလုပ်မီ၊ Preview ကြည့်နိုင်ပြီး၊ Photo တစ်ပုံနှင့် တစ်ပုံပြောင်းလဲသည့် အချိန်များကို Shuffle Menu နှင့် Option Menu များမှာ သတ်မှတ်ပေးထားနိုင်ပါတယ်။ 622 KB သာရှိပြီး၊ Window XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။

4 comments:

  1. ကျေးဇူးပါရှင်။ လေ့လာစရာတွေအများကြီးပါပဲ။
    မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်...ဗျာ။ အခုလို့ ဗဟုသုတလေးတွေ မျှဝေပေးလို့......။

    ReplyDelete
  3. Reply to vepula
    ကျေးဇူးပါခမျာ...အစဉ်ကြိုးစားလျှက်ပါ.... :)

    ReplyDelete
  4. အခုလို လေ့လာရတာတွေအတွက် ကျေးဇူးအထူးပါ ခဗျာ

    ReplyDelete