Home

Web Video များကို ရှာဖွေနိုင်ပြီး၊ Video Format မျိုးစုံနှင့် MP3 အဖြစ်ပါ download လုပ်နိုင်သော VDownloader

                                       Youtube, Google Video, Yahoo Video, Daily Motion စသော Vedio Site များမှ Video များကို လွယ်ကူစွာ ရှာဖွေနိုင်ပြီး၊ Video Format မျိုးစုံနှင့် MP3 Format အဖြစ်ပါ Download လုပ်နိုင်သော Free VDownloader ပါ။ Built in Video Player ပါရှိပြီး၊ ၎င်း Player နှင့် Video များကို ကြော်ညာများ၊ Recent Video များ မပါဝင်ပဲ၊ တိုက်ရိုက် ရှာဖွေကြည့်ရှုနိုင်သောကြောင့် သာမန်ထက်ပိုမို လျှင်မြန်စွာ ကြည့်ရှုနိုင်ပါတယ်။ Video Format များအနေနဲ့၊ AVI, MPEG, 3GP စသော အသုံးများသည့် Format များအပြင် VCD, SVCD, DVD, Mobile, Apple Products များအတွက်ပါ တခါတည်း Convert လုပ်ပေးနိုင်ပါတယ်။

                                      Facebook ကိုပါ တိုက်ရိုက် Access ပြုလုပ်နိုင်ပြီး၊ အခြား Video Site များအနေနဲ့ Veoh, MegaVideo, Break, MetaCafe, Blip.tv, Vimeo စသော Video Site များမှပါ တိုက်ရိုက်ကြည့်ရှု၊ Download လုပ်နိုင်ပါတယ်။ အသုံးပြုပုံမှာ ရှာဖွေလိုသည့် Video နှင့် ရှာဖွေလိုသည့် Site များကို သတ်မှတ်ပေးပြီး Search ကိုနှိပ်ခါ ရှာရပါမယ်။ ပြီးလျှင် Download လုပ်လိုသည့် Video Format သို့မဟုတ် MP3 Format ကိုရွေးချယ်ပေးရပါမယ်။ ထို့နောက် ကျလာသော Video များမှ သင်နှစ်သက်ရာ Video ၏ ဘေးမှ Download Button ကို Click နှိပ်၍ သိမ်းဆည်းလိုသည့် Location ကိုရွေးချယ်ပြီးလျှင် Download လုပ်နိုင်ပါတယ်။ Download Status ကိုကြည့်လိုပါက Activity Menu Tab မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ Download မလုပ်မီ Preview ကြည့်လိုပါက Download Button ဘေးရှိ Preview Button ကို Click နှိပ်၍ တိုက်ရိုက်လျှင်မြန်စွာ ကြည့်ရှုနိုင်ပါတယ်။ 6.6 MB ရှိပြီး၊ Window 2000, XP, Vista နှင့် 7 များမှာ အသုံးပြုနိုင်ပါတယ်။

2 comments:

  1. မိုက်တယ်ဗျာ။ ဒေါင်းသွားပြီ။ ကျေးဇူးပဲ။

    ReplyDelete
  2. ကျေးဇူးပါ zox.netmaze ခမျာ.. အဆင်ပြေပါစေ.. :)

    ReplyDelete