Home

Gmail Skin ကို Transparent Skin Design အဖြစ်ပြောင်းလဲနိုင်သည့် Google Redesigned

                                          Gmail Skin ကိုအထက်ပါပုံများတွင် ပြထားသည့်အတိုင်း Transparent Skin Design ပြောင်းလဲပေးနိုင်သည့် Google Redesigned ပါ။ (ပုံများပေါ်တွင် click နှိပ်၍မူရင်းပုံများကို ကြည့်ပါ) Skin တစ်ခုတည်းကိုသာ သစ်လွင်လှပသော Transparent Design အဖြစ်ပြောင်းလဲပေးပြီး၊ Function များကိုတော့ မူရင်း Gmail ၏ Function များအတိုင်း ဆက်လက်အသုံးပြုနိုင်သည့်အတွက် Loading လုပ်တဲ့အချိန်လည်း မကွာပါဘူး။ Gmail Setting များကိုလည်း မူရင်း သတ်မှတ်ထားသည့်အတိုင်း ဆက်လက်သုံးစွဲနိုင်ပြီး၊ မြန်မာ Font ကိုပါ အသုံးပြုနိုင်ပါတယ်။ Gmail အပြင် Google Calendar နှင့် Google Reader Skin များကိုပါ ပြောင်းလဲပေးပါတယ်။ အားနည်းချက်မှာ Firefox Browser နှင့်သာ အသုံးပြုနိုင်ပြီး၊ Firefox ကို Default browser အဖြစ်အသုံးပြုသူများအတွက် သင့်တော်ပါတယ်။
                                           Google Redesigned ကို Firefox Add-on Page မှ Install လုပ်နိုင်သလို၊ မူရင်း Homepage မှလည်း install လုပ်နိုင်ပါတယ်။ Install ပြုလုပ်ပြီးလျှင် Firefox browser ကို Restart ပြန်လုပ်ပေးရပါမယ်။ ပြီးလျှင် ပြန်ဖွင့်၍ browser ၏ အောက်ဆုံး၊ ညာဘက်ထောင့်တွင် အထက်ပါပုံတွင်ပြထားသည့်အတိုင်း၊ Google Redesigned သင်္ကေတပေါ်တွင် Right click နှိပ်ပြီး၊ Check for style updates ကိုနှိပ်ပပေးပါ။ Google Redesigned ၏ update အဖြစ်ဆုံး Skin ကို Auto download လုပ်၍ install လုပ်သွားပါလိမ့်မယ်။ ပြီးလျှင် ၎င်း Redesigned icon ပေါ်တွင် right click နှိပ်၍ Gmail , Google Calendar, Google Reader စသည်ဖြင့် တပ်ဆင်လိုသည့် application များမှာ tick လုပ်ပေးရပါမယ်။ ထို့နောက် Gmail ကို ဖွင့်ကြည့်လိုက်လျှင် Transparent Skin Design နှင့် တက်လာသည်ကို တွေ့မြင်ရပါလိမ်မယ်။ အခြား Google Calendar နှင့် Google Reader တို့ကိုလည်း ထိုနည်းအတိုင်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။

1 comment:

  1. Anonymous16/5/10

    Reply for ကိုသူ....
    Google Redesigner ကိုပြန်ဖြုတ်ချင်ရင်တော့ Firefox browser ကိုအရင်ဖွင့်လိုက်ပါ။ ပြီးရင် Firefox browser ရဲ့ Menu bar က Tools menu ကိုသွားပါခမျာ.. Add-ons ကိုရွေးပါ။ အဲဒီမှာ Add-ons window ကျလာရင် Extension menu ရဲ့အောက်မှာ Google Redesigned ဆိုတာကိုလိုက်ရှာပီးတော့ Uninstall ကိုလုပ်ပေးလိုက်ရုံပါပဲ။ ပြီးရင် Firefox ကိုပြန်ပိတ်ပီးတော့ ပြန်ဖွင့်ပေးလိုက်ရုံပါပဲ။
    အဲလိုမှမဟုတ်လို့ ခနတာမသုံးချင်ဘူးဆိုရင်တော့ Firefox window ရဲ့ အောက်ဆုံးညာဘက်နားက Google Redesigned icon ပေါ်မှာ Right click နှိပ်ပီး၊ မူရင်းရွေးချယ်ထားတဲ့ tick ကိုနှိပ်ပေးလိုက်ရင်ရပါပီခမျာ.....နောက်လိုတဲ့အချိန်မှာပြန်သုံးချင်တယ်ဆိုရင် အဲနေရာကပဲသွားပီးတော့ ပြန်ပီး tick လုပ်ပေးလိုက်ရုံပါပဲခမျာ...ကျေးဇူးပါကိုသူမျာ....အဆင်ပြေပါစေ။ အဆင်မပြေသေးရင် ပြန်ပြောပေးပါအုံးခမျာ.... :)

    ReplyDelete